ရွာသစ်ရွာ၊ နောင်ချိုမြို့နယ်
ရွာသစ်ရွာ သည် ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အနောက်ကြူအင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၇၂၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အနောက်ကြူအင်းကျေးရွာအုပ်စုတွင် ကျား ၁၀၈၀ ဦး၊ မ ၁၁၁၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၉၁ ဦးနေထိုင်သည်။ နောင်သခေါရွာ နှင့် ရွာသစ်ရွာမှာ တဆက်တည်း တည်ရှိသော်လည်း ရန်စောင် နေကြသဖြင့် ရွာခွဲထွက်ပြီး ရွာသစ် ဟုသာ အချင်းချင်း ခေါ်ကြသည်။ အခြားရွာများကမူ နောင်သခေါရွာမှ ခွဲထွက် အိမ်ထောင်စုများ ဖြစ်သဖြင့် နောင်သခေါရွာသစ် ဟုသာ အမှတ်သညာ ပြုကြသည်။ စာသင်ကျောင်း တကျောင်းတည်း နှင့် ဘုန်းကြီးကျောင်းတကျောင်းတည်း အတူ တက်ကြပါသည်။ ရှမ်းလူမျိုး အများစု နေကြပါသည်။
Read article